လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ရုံးတုံးကျေးရွာအုပ်စု၊ ရုံးတုံးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကံစုကျေးရွာ၊ရုံးတုံးဒွါရစုကျေးရွာ၊ ကစွန်းရိုးကျေးရွာအုပ်စု၊ ကညင်ကွင်းကျေးရွာအုပ်စုတို့တွင် (၁၁.၇.၂၀၂၀)ရက်နေ့၌ (၀၈:၄၅)နာရီမှ(၁၅:၃၀)နာရီအထိ Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ေကျးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)