လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၁-၇-၂၀၂၀)ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၂/၁၃/၁၄/၁၅/၁၆)ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးချက်များ၊ မိုးကြိုးဘေး/ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား ရပ်ကွက်များအတွင်း ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ygn_jul2020
Source: ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး-ဘစမ)