လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ စေတနာပရဟိတအသင်းမှ Volunteer များ၊ တောင်ရပ်ကွက်မှတာဝန်ရှိသူများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ Covid-19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် Corona Virus Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ တောင်ရပ်ကွက်ရှိ ပဒုမ္မာဦးကဖေးနှင့် အနီးပတ်ဝန်းကျင်တွင် ပြည်သူများသို့အသိပညာပေးခြင်း၊ Mask၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_jul2020
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)