COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ UNDP၊ UNICEF၊ ​စေတနာပရဟိအသင်းမှ Volunteer များ၊ ​တောင်ရပ်ကွက်မှတာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူပူးပေါင်း၍ Covid-19 ​ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွား​စေရန် Covid-19 ​ရောဂါကြိုတင်ကာကွယ်​ရေးအသိပညာ​ပေး Campaign အစီအစဥ်အား မူဆယ်မြို့နယ်၊ ​တောင်ရပ်ကွက်ရှိအေးမြစား​သောက်ဆိုင်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများသို့ အသိပညာပေးခြင်း၊ Mask၊ ဆပ်ပြာ၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ အသံချဲ့စက်ဖြင့်နှိုး​ဆော်ခြင်းနှင့် ဗွီနိုင်း၊ ပိုစတာကပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jul2020

Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events