COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၁၁-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီချိန်မှ (၁၄:၃၀) နာရီထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ရွှေကျင်အုပ်စု (ဒေါင့်ကုန်း၊ ကျူတောလေး၊ ကျွန်းကုန်း၊ ရေတွင်းကုန်း၊ ဘုရားကြီးကုန်း၊ ဘုရားလှ၊ ဝါးပတ်ချောင်း၊ ရွှေပြည်သာ၊ အောင်သုခ)ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော  COVID-19 ကူးစက်ရောဂါကာကွယ်ခြင်းနှင့်  မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ၊ သဘာ၀ဘေးနှင့် ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာနေ ပြည်သူလူထုအား အသိပညာပေး နိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events