COVID-19‌ ကူးစက်ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်‌၊ ရှောင်ရန်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၂၀) ရက်နေ့တွင် ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်မော်ရပ်ကွက်နှင့် ဗျောတောဝရပ်ကွက်တို့တွင် လော်စပီကာတို့ဖြင့် Covid-19‌ လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့် အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့်ဆောင်ရန်‌/ ရှောင်ရန်   ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_jul2020

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events