လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူး သာကျေးရွာနှင့် သရက်ပင်စုကျေးရွာတို့တွင် (၉-၇-၂၀၂၀) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံး ပျက်စီးခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၈၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၁၈၈၉၀၀/-)ကျပ်တို့အား (၁၀-၇-၂၀၂၀) ရက်နေ့၊(၁၅:၀၀)နာရီ အချိန် တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#sgg_jul2020

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events