ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်၊ အလယ်ကျွန်းကျေးရွာ၌ (၇-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၁၀) လုံး၊ လူဦးရေ (၃၅) ဦးနှင့် ရေလယ်ကျွန်းအုပ်စု၊ တဲတန်းကျေးရွာ၌ (၈-၇- ၂၀၂၀) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ လူဦးရေ (၃၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၆၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄၂,၈၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၀၄၂,၈၀ဝ/-) ကျပ်တို့အား (၉-၇-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_Jul2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events