Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားရန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် ဌာန ဆိုင်ရာများ၊ UNDP၊ UNICEF၊ အလင်းရောင်လူမှုကူညီရေးအသင်းအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် ဝမ်ကောင်းရပ်ကွက်၊မြို့မစျေး၌ လည်းကောင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားသစ်စားသောက်ဆိုင်နှင့် အနီးပတ်ဝန်းကျင်၌လည်းကောင်း ပြည်သူလူထုထံသို့ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း(Campaign) များဆောင်ရွက်ခြင်းဖြင့် Mask များ၊ လက်ဆေးဆပ်ပြာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းများကပ်ခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကို အသံချဲ့စက်ဖြင့် ဆော်သြခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_Jul2020

Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events