
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန၊ UNDP၊ Unicef နှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်းပြီး အုပ်စု (၂) ဖွဲ့ ခွဲ၍ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့၊ မြို့မစျေး၊ ယာယီပျံကျစျေး၊ စားသောက်ဆိုင်နှင့် လမ်းလုပ်သားတို့အား Covid-19 ရောဂါ ကူးစက်မှု မဖြစ်ပွားရန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကမ္ဘာတစ်ဝှမ်း ရောဂါဖြစ်ပွားမှုအခြေအနေများကိုသိရှိစေရန် ပြည်သူများ အနေဖြင့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ UNDP တံဆိပ်ပါနှာခေါင်းစည်း၊ ၊ဆပ်ပြာခဲ၊ ပညာပေး လက်ကမ်းစာစောင်၊ လက်ဆွဲအိတ်များကို ဈေးသည်နှင့် ဈေးဝယ်များအား ပေးဝေခဲ့ပြီး မိမိကစ ကာကွယ်ပါ ၊နေ့စဉ်ဘဝမှာခပ်ခွါခွါနေပါ စသည့် ပညာပေးပိုစတာများ၊ ဗွီနိုင်းများကို ရှမ်း ၊မြန်မာ(၂) ဘာသာဖြင့် ပုံနှိပ်ထားသောပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_Jul2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)