မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀)ရက်နေ့၊ ညနေ (၁၄:၀၀)နာရီအချိန်မှ (၁၅:၄၅)နာရီအချိန်အထိ ကျောက်ဖြူမြို့၊ စေတီ​​တောင်ရပ်ကွက် တွင် မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်ပတ်သက်၍ ပြည်သူလူထုမှ သိရှိ လိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန် အချက်များအား Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ar

#rke_jul2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events