လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၀) ရက်နေ့နှင့် (၅-၇-၂၀၂၀)ရက်နေ့တို့တွင် ကျောက်ဖြူမြို့နယ်၊ စေတီတောင်ရပ်ကွက်၊ ပရဟိတဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခိုလှုံလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၀၁) ဦး တို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာဖိုးထောက်ပံ့ငွေ (၄၂၄၂၀၀)ကျပ်အား (၇-၇-၂၀၂၀)ရက်နေ့ ၊ နေ့လည် (၁၃:၄၅) နာရီအချိန်တွင် တိုက်ပွဲရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_jul2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)