လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့ ၊ (၁၀:၃၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သပြေ ကုန်းအုပ်စု၊ (ညောင်တေး၊ ဆိတ်ဖူးကုန်း၊ အင်းကွယ်၊ တာနှစ်ရာ၊ ငှက်ပျောတော၊ ရွာသစ်ကုန်း၊ ကျွဲခေါင်းကြီး၊ ငါးပြေမ၊ဂဲပျောက်၊ညောင်ကုန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလော ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ (ဒုတိယအကြိမ်) အသိပညာ ပေးခြင်း၊ မိုးကြိုး ဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ အသိပညာဗဟုသုတများအား အသိပညာပေး နှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)