လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၇-၇-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ(၁၁:၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့အတွင်းရှိ ၊ ရပ်ကွက်(၁၊၂၊၃)နှင့် အောင်လှိုင်ကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)