လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီ အချိန်မှစ၍ နေ့လည် (၁၂:၃၀)နာရီအထိ ဝါးခယ်မြို့နယ်၊ ရွှေလောင်းရွာမရှိ ချောင်းဝရပ်ကွက်(၁)၊ ချောင်းဝရပ်ကွက်(၂)၊ ကမ်းနားတမ်းရပ်ကွက်တို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွား လျက်ရှိသော (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေး (မိုးကြိုး၊ ရေနှင့် မုန်တိုင်း)နှင့်ပတ်သက်သည့် လိုက်နာဆောင်ရွက်ရန်များကို ရပ်ကွက်နေပြည်သူလူထုအား အသိပညာပေး လှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)