(၆-၇-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုလောမြို့နယ်ဦးစီးမှူးရုံး၊ ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပုလောမြို့နယ်၊ အမှတ်(၃)(၄) ရပ်ကွက်၊ တိုကျေးရွာ၊ ပိတပ် ကျေးရွာ၊ မင်းပြင်ကျေးရွာနှင့် ဗိုင်းပြင်ကျေးရွာတို့တွင် (COVID -19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးတို့နှင့်စပ်လျဥ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါအချက်အလက်များကို သဘာဝဘေးအသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#tny_jul2020Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)