Covid-19 ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးတို့နှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၇.၂၀၂၀) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်မှစ၍ ညနေ (၁၇:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အိမ်မဲမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသော အမှတ် (၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်တို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျှက်ရှိသော Covid -19 ကူးစက်ရောဂါနှင့် ပတ်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များနှင့် သဘာဝဘေးနှင့်ပတ်သတ်သည့် လိုက်နာဆောင်ရွက်ရန်များကို ရပ်ကွက်နေ ပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar
#ayy_jul2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events