Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး၊ရေဘေး၊ မိုးကြိုးဘေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနနှင့် အတူပူးပေါင်း၍ (၁-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာအုပ်စုအတွင်းရှိ ရေကျော်ကျေးရွာ၊ တုံးလှဲကျေးရွာ၊ ခလောက်ပုံ ကျေးရွာ၊ ကျုံဖားကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ထလူးဝါးကျေးရွာနှင့် ကျော်ဇံကျေးရွာတို့အတွင်း ပြည်သူ များအား Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးအန္တရာယ် အသိ ပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_Jul2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events