Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး/ရေဘေး/မိုးကြိုးဘေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူ ပူးပေါင်း၍ (၁-၇-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စုအတွင်းရှိ လေးအိမ်တန်းကျေးရွာ၊ကျွန်းချောင်းကျေးရွာ၊ မောင်ငယ်ဝ ကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ စုံထိုးကျေးရွာနှင့် ရွှေလဝင်းကျေးရွာများတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း များကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_Jul2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events