ရခိုင်ပြည်နယ်ရှိ ယာယီတိုက်ပွဲရှောင်နေရာများတွင် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဇွန်လ၃၀၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ယနေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိစေတီတောင်ရွာဟောင်းဘုန်းတော်ကြီးကျောင်း၊ ရှော်မယ်(အ.မ.က)၊ ထမ္မရာဇ်မြို့ကွက်သစ်၊ တင်းထိန်ကန်ကျေးရွာ(ဘုန်းကြီးကျောင်းဓမ္မာရုံ)၊ ပီပင်ရင်း ကျေးရွာ(ဘုန်းကြီးကျောင်း)၊ တောင်မြင့်ကျေးရွာ(ဘုန်းကြီးကျောင်းဓမ္မာရုံ)၊ စင်းဘောကိုင်းကျေးရွာ၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှကျေးရွာအုပ်စု (ဘုန်းတော်ကြီးကျောင်း)၊ တိန်ညိုကျေးရွာ၊ ပြလှကျေးရွာအုပ်စု(ဘုန်းတော်ကြီးကျောင်း)၊ နကန်ကျေးရွာ(အရှေ့) ဘုန်းတော်ကြီးကျောင်း၊ ပုဇွန်ဖေ ကျေးရွာ၊ ကုလားချောင်းဘုန်းတော်ကြီးကျောင်း၊ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ မြတန်ဆောင်း ဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီး ကျောင်း၊ မြို့သစ်ဘုန်းတော်ကြီးကျောင်းနှင့် ဒိုင်းဂျီဘုန်းတော်ကြီးကျောင်း ဟောင်းစုစုပေါင်း ယာယီ တိုက်ပွဲရှောင်နေရာ (၂၀)နေရာသို့ သွားရောက်၍ ဆပ်ပြာ(၁၁၈၁၀)တောင့်၊ အဝတ် Mask (၂၃၆၂၀)ခု၊ လက်သန့်ဆေးရည် (၅၈၄၄) ဗူး၊ Hand Speaker (၁၄) ခု၊ အပူချိန်တိုင်းကိရိယာ (၁၄) ခု၊ COVID-19 အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁၄)ခု၊ ဗီနိုင်း (၁၄) ခုနှင့် လက်ဆေးစင် (၃၀) ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက် ဘုန်းကြီးကျောင်း၊ တောင်မင်းဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်း ကျေးရွာအရှေ့ဘက်ကျေးရွာ ပိုင်ဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်း ကျောင်း၏ကျမ်းစာကျောင်း၊ မြို့မ(အ.မ.က)၊ မဟာကံကြီးသျှင်ဘုရား၊ နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက်(အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က (၃) စာသင်ကျောင်းတိုက်ပွဲရှောင်စခန်းနှင့် မြို့မရွှေကျောင်းစုစုပေါင်း ယာယီ တိုက်ပွဲရှောင်နေရာ (၁၂) နေရာသို့ သွားရောက်၍ အဝတ် Mask (၁၁၃၆၈) ခုနှင့် လက်ဆေးစင် (၂၀) ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများ ကို နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

#otr

#rke_Jul2020

Source: MOSWRR

Sign Up

Upcoming Events