ကမ်းပြိုရွှေ့ပြောင်းခဲ့သည့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် အင်္ဂပူ မြို့နယ်၊ ကံဘက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၌ (၂၇-၆-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုရွှေ့ပြောင်းခဲ့သည့်အိမ်ခြေ(၁)လုံး၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၄၂၀၀)ကျပ် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၄၂၀၀)ကျပ်ကို (၃၀-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင်အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
#ha_rbe
#ayy_jun2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events