လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၆-၂၀၂၀) ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာ၊ ပင်လယ်ကမ်းကျေးရွာနှင့် ကျုံဂဏန်းကျေးရွာတို့တွင် လော်စပီကာ၊ Memory stickနှင့် Hand Speaker တို့ဖြင့် Covid-19 ရောဂါနှင့် ပက်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_jun2020