ရသေ့တောင်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်

~~~~~~
Source: MOSWRR
~~~~~~
ဇွန်လ (၂၉)ရက်၊ နေပြည်တော်
~~~~~~
ဇွန်လ (၂၁) ရက်နေ့မှစတင်၍ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်၍ ဒေသခံများ ယာယီထွက်ပြေးတိမ်းရှောင်လာကြရာ ရသေ့တောင်မြို့၊ အရှေ့တောင်ရပ်ကွက်သို့ အိမ်ထောင်စု(၃၇)စု၊ လူဦးရေ(၄၇)ဦး၊ ချောင်းဝရပ်ကွက်သို့ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ(၁၆၆)ဦး၊ စုစုပေါင်းနေရပ်စွန့်ခွာခဲ့သည့် အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၂၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၁၄)ရက်စာအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးက (၂၈-၆-၂၀၂၀) ရက်နေ့နှင့် (၂၉-၆-၂၀၂၀) ရက်နေ့များတွင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events