COVID-19 ကပ်ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ဝန်ကြီးဌာနဝန်ထမ်းများအတွက် နှာခေါင်းစည်း Mask နှင့် Non-Contact Thermometer လှူဒါန်း

~~~~~~~
Source: MOSWRR
~~~~~~~
၂၉ ဇွန်၊ နေပြည်တော်
~~~~~~~
COVID-19 ကပ်ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ဝန်ကြီးဌာနဝန်ထမ်းများအတွက် Myanmar Blue Sky Rescue Development Council က နှာခေါင်းစည်း Mask (၁၀,၀၀၀)ခုနှင့် Non-Contact Thermometer(၄၄)ခုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ (၂၉-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events