Covid-19 နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၆.၆.၂၀၂၀) နေ့တွင် ကသာမြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သော ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)၊ ရပ်ကွက်(၆)၊ ရပ်ကွက်(၇)၊ ရပ်ကွက်(၈)၊ ရပ်ကွက်(၉)နှင့် ရပ်ကွက်(၁၀) ရှိ ပြည်သူများသို့  Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သတ်၍ ပြည်သူသို့ ပန်ကြားချက်၊  မိုးကြိုးဘေး၊ ရေဘေး အန္တရာယ်နှင့်ပတ်သက်၍ အသိပညာ ပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို (၁၄း၀၀)နာရီအချိန်မှ (၁၈း၀၀)နာရီ အချိန်ထိ  အသိပေးကြေညာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#sgg_jun2020

Source:                 ကသာခရိုင်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events