Covid-19 နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၆ – ၆ – ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၈:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု( ၅)အုပ်စု၊ ကျေးရွာပေါင်း( ၂၆)ရွာတို့အား Covid-19 ကူးစက်​ရောဂါ ကြိုတင်ကာကွယ်​ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ( မိုးကြိုး​ဘေး၊ ​လေပြင်း​ဘေး၊ ​ရေ​ဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ အသိပညာပေး ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#mdy_jun2020

Source:                 ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး ( ဘစမ )

Sign Up

Upcoming Events