လေဘေးအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ ကညင်ကောက်လေးကျေးရွာ၌ (၂၅.၆.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၀၅၀ဝ/-)ကျပ်အား (၂၆.၆.၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_jun2020

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events