လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပိတ်ချင်းကုန်းကျေးရွာ၊ ကန့်လန့်ကုန်ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာ၊ လိပ်ပြာသိန်းသောင်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရွာထောင်ကုန်းကျေးရွာ၊ အုတ်ဆွဲကျေးရွာ၊ ရွာမကျေးရွာ၊ ပင်စည်ကုန်းကျေးရွာ၊ ပွေးယားကျေးရွာနှင့် တံတိုင်းလှကျေးရွာတို့အတွင်း ပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_jun2020
Source: ပြည်ခရိုင်ခရိုင်ဦးစီးမှူးရုံး ( ဘစမ )