လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀)ရက်နေ့၊ (၂၀း၃၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ ပြည်ဝင်ကျေးရွာအုပ်စု၊ ပြည်ဝင် ကျေးရွာနှင့် ချောင်းခွကျေးရွာတို့၌ လေဘေးသင့် (၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၅,၀၀ဝိ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၄၃,၄၀ဝိ/-)ကျပ်တို့အား (၂၆-၆-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#npw_jun2020

Sign Up

Upcoming Events