လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၈း၁၅)နာရီအချိန်မှ (၁၈း၄၅) နာရီအချိန်ထိ ရေစကြိုမြို့နယ်၊ နန်းဦးကျေးရွာ အုပ်စု၊ နန်းဦးကျေးရွာတွင် မိုးသက်လေပြင်း‌ဘေးတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁,၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၁,၀၀၀/-) ကျပ်အား (၂၆-၆-၂၀၂၀)ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_jun2020

Sign Up

Upcoming Events