
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀)ရက်နေ့၊ (၀၈း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် အတူပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ ကမ်းဇောက်ကျေးရွာအုပ်စုအတွင်းရှိ ကမ်းဇောက်ကျေးရွာ၊ ရွှေအုပ်ကျေးရွာ၊ ကျီးချောင်း ကျေးရွာ၊ ထီလေးသိမ်ကျေးရွာ၊ ကဇန်းချောင်းကျေးရွာနှင့် ကုန်းစုကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာ ရန် ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့်လှည့်လှည်၍ အသိပညာပေး လုပ်ဆောင်မှုများပြုလုပ်ခြင်း၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင် ရန်များ၊ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_jun2020