လေပြင်းဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက် နေ့တွင် ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် ပျက်စီး သွားသော လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ် နှင့် လူဦးရေ(၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀ိ/-)ကျပ် စုစုပေါင်း ထောက်ပံ့ ငွေ (၁၁၄,၇၀၀ိ/-) ကျပ်တို့အား (၂၆-၆-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#sgg_jun2020

Sign Up

Upcoming Events