
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ အောင်ဇေယျဈေးနှင့် စည်ပင်သာယာဈေးထိပ်တို့တွင် covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များ၊ မိုးကြိုးဘေးနှင့် မူးယစ်ဆေးဝါး ကာကွယ်နိမ်နင်းရေး အသိပညာ ပေးခြင်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး၊ ရေဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020