
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၂-၆-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီဦတိုကျေးရွာအုပ်စုအတွင်းရှိ မဲဇလီ ရွာမကျေးရွာ၊ ကျော်နုကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကဇန်းချောင်းကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ အရှေ့စုကျေး ရွာနှင့် ထန်းလျက်ချောင်းကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များအား အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ခြင်းနှင့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)