
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၆-၂၀၂၀) ရက်နေ့တွင် တောင်တွင်းကျေးရွာ၊ မှန်ပင်ကျေးရွာ၊ တောင်းအင်ကျေးရွာစသည့် ကျေးရွာ များတွင် Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးခြင်း လုပ်ငန်း များအား မြို့နယ်ထွေအုပ်နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး၊ ရေဘေး၊ မီးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020