မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်ပတ်သက်၍ အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ (၁၅:၃၀) နာရီအချိန်တွင် မိုးကြိုကာလနှင့် မိုးနှောင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသော မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ကိုသိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံ မြို့နယ်၊ သုံးထပ်ကျေးရွာအုပ်စု၊ သုံးထပ်ကျေးရွာ၊ ညောင်တစ်ပင်ကျေးရွာ၊ ထိန်ဝိုင်းကျေးရွာ၊ အဇုတ်ကလေးကျေးရွာ၊ ဖိုးရှမ်းစုကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#ayy_jun2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events