
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁- ၆ -၂၀၂၀) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်မှ ညနေ (၁၅:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဖျာပုံမြို့နယ်၊ သုံးထပ်ကျေးရွာအုပ်စု၊သုံး ထပ်ကျေးရွာ၊ ညောင်တစ်ပင်ကျေးရွာ၊ ထိန်ဝိုင်းကျေးရွာ၊ အဇုတ်ကလေးကျေးရွာ၊ ဖိုးရှမ်းစုကျေးရွာရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ခြင်းနှင့် အသိပညာပေးဗီနိူင်းပိုစတာပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)