
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၀)ရက်နေ့၊ (၀၈း၄၅)နာရီအချိန်တွင် သစ်လွင်ဦးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မြင်းခြံခရိုင် ဦးစီးမှူးရုံး (၆၀’×၄၀’×၂၈’)ပေ RCC(၂)ထပ် သွပ်မိုး၊ ကွန်ကရစ်၊ ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာအပါအဝင် ဆောက်လုပ်ခြင်းလုပ်ငန်းအား အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#office_dev
#mdy_jun2020