
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၂၀) ရက်နေ့တွင် ထီးချိုင့်မြို့၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်များရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလုပ်ငန်းများ လှည့်လည်ဆောင်ရွက်ခြင်း၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သတ်၍လည်း ပြည်သူများသို့ အသိပညာလုပ်ငန်းများ လှည့်လည် ဆောင်ရွက်ခြင်းများကို(၀၉း၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ ဆောင်ရွက်ခဲ့ပြီး မိုးကြိုးဘေး လက်ကမ်းစာစောင်များကိုလည်း ပြည်သူများသို့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_jun2020