လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် အတူပူးပေါင်း၍ (၁၈-၆-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ(၁၁း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မြင်းကကုန်းကလေးဒေါင်းရေကျော်ကျေးရွာအုပ်စုအတွင်းရှိ မြင်းကကုန်းကျေးရွာ၊ ဒေါင်းရေကျော်ကျေးရွာ၊ ဧရာချောင်းကျေးရွာ၊ အလယ်ချောင်းကျေးရွာနှင့် ပန်းမှောက်ခုံကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် အသိပညာပေးဆောင်ရွက်ခြင်းနှင့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )