ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကန်သာကျေးရွာနှင့် မာန်မြေကျေးရွာအုပ်စု၊ မိန်းမလှ ကျေးရွာတွင် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁,၅၀၀,၀၀၀) ကျပ်၊ လူ‌ဦးရေ (၅၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၃,၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၆၁၃,၄၀၀) ကျပ်တို့အား (၁၈-၆-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_rbe
#mgy_jun2020
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events