လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၆-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ တနန်းဥကွိုင်ကျေးရွာ၊ ဆာထန်ရော်ကျေးရွာ၊ ဈေးကုန်းကျေးရွာ၊ မားနာပလော့ကျေးရွာ၊ (၆)မိုင်ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာ၊ ဒေါဘူးငံရယ်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ဘတ်တလိန်ကျေးရွာ၊ ဟိုဝမ်ရွာသစ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_jun2020