လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာတွင်(၁၇-၆-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၄)လုံး၊အိမ်ထောင်စု(၄)စု၊လူဦးရေ(၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၈၉၀ဝိ/-)၊ စုစုပေါင်းကျပ်(၄၁၈၉၀ဝိ/-)အား (၁၇-၆-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး ( ဘစမ )