နေရပ်ပြန် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဒုတိယဥက္ကဌ(၁)၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ စခန်း(၂)ခုမှ မူလကျေးရွာ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပေးထားသောနေရာနှင့် ဆွေမျိုးအိမ်များသို့ ပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများအတွက် စုစုပေါင်းတန်ဖိုး(၄၃၉၂၅၃၀၀/-)ရှိ စားနပ်ရိက္ခာ(ဆန်၊ဆီ၊ပဲ၊ဆား)(၆)လစာနှင့် ပြောင်းရွှေ့စရိတ်၊ ပစ္စည်း(၂၂)မျိုးပါ Family Kit (၈၁)ပုံးအား (၁၃-၆-၂၀၂၀)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်စခန်းမှ ပြောင်းရွှေ့သည့်အိမ်ထောင်စု(၅၄)စုအတွက်လည်းကောင်း၊ (၁၄-၆-၂၀၂၀)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ခိုက်ဘာဂျီ(ဆော့ဇမ်)စခန်းမှ ပြောင်းရွှေ့သည့် အိမ်ထောင်စု(၂၇)စုအတွက်လည်းကောင်း သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#kcn_jun2020

Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events