လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၁၂-၆-၂၀၂၀)ရက်နေ့၊(၀၉:၀၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၉၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၈၁၉၀ဝိ/-)၊ စုစုပေါင်းကျပ်(၉၈၁၉၀ဝိ/-)အား (၁၅-၆-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jun2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)