လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၀ ) ရက်နေ့ တွင် အင်္ဂပူမြို့၊ အမှတ်(၁) ရပ်ကွက်၊ အောင်ချမ်းသာကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး( ၅၀,ဝဝဝ/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၁၀,၅၀၀/-) ၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀ဝ/-) ကျပ်တို့ကို (၁၅-၆-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါ သည်။
#ha_sgw
#ayy_jun2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)