(၁၄ -၆-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ (၅၉)ရပ်ကွက်၊ (၆၀)ရပ်ကွက်၊ (၆၁) ရပ်ကွက်၊ (၆၇) ရပ်ကွက်၊ (၆၈) ရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက် ၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေး ကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ညွှန်ကြားရေးမှူး၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)