
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၀) ရက်နေ့တွင် သာယာဝတီခရိုင်အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ တယ်ပင်ရိုးကျေးရွာ၊ ကြို့ကုန်းကျေးရွာ့၊ သရက်ကုန်းကျေးရွာ၊ ဗြန့်ကြီးကျေးရွာ၊ ကြက်တိုက်ကျေးရွာ၊ ရွှေကျွန်းကုန်းကျေးရွာ၊ အင်းသည်ကုန်းကျေးရွာ၊ တယ်ပင်ကျောကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံနှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_jun2020