လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကံမမြို့နယ်၊ သာဇီကျေးရွာ အုပ်စု၊ စမ်းကျေးရွာ၌ (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုစာနှင့် ကံမမြို့၊ အမှတ် (၃) ရပ်ကွက်၌ (၁၈-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် မီးဘေးသင့်နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ စုစုပေါင်းအိမ်ထောင်စု (၁၃) စု တို့အတွက် MEC (၇ပေသွပ်)(၃၉၀) ချပ်အား (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကံမမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လွှတ် တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_Jun2020
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)