COVID -19 လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေးအပ်

ဇွန်၁၄၊ပဲခူး
COVID – 19 လုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်ကြသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုး တံဆိပ် များပေးအပ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အအုံများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက် (၅) နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ အားထောက်ပံ့ငွေပေးခြင်းတို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်နော်ပွယ်ဆေး၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတို့လိုက်ပါ ဆောင်ရွက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ဇေယျသီရိအသောက ကျောင်းတိုက်၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက အသွားအလာကန့်သတ်ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့် ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ အသွားအလာကန့်သတ်ခြင်းနေရာများတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၆၅) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၉၄) ဦးနှင့် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အို (၁၈) ဦးနှင့် မသန်စွမ်းသူ (၂) ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် ထောက်ပံ့သည့် စုစုပေါင်း ငွေကျပ် ၁၁,၃၇၀,၀၀ဝိ/- (တစ်ရာတစ်ဆယ့်သုံးသိန်းခုနှစ်သောင်းတိတိ) ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်းကိုယ်စားလှယ်များအား ကူညီ ဆောင်ရွက်မှုလုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များကိုမေးမြန်း၍ ကူညီပံ့ ပိုးမည့်ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ယနေ့အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်း (၂,၆၀၉) ဦး၊ ပရဟိတအဖွဲ့ (၂၃၁) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြုလွှာများ ကို ပဲခူးတိုင်းဒေသကြီးအစိုးရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များစာရင်း ကျန်ရှိခြင်း များရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အတွက်အသိအမှတ်ပြုဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါ သည်။
ယနေ့ပဲခူးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုး တံဆိပ်များပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက COVID 19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါ ပြန့်ပွားမှုမရှိစေရန် လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1
#bgo_jun2020

Source: MOSWRR

Sign Up

Upcoming Events